ပထမဦးဆုံး လိုအပ်တဲ့ ဖိုင်တွေကို ဒေါင်းလုပ်ချလိုက်ပါဦး။ Huawei Driver မရှိသေးရင်လည်း ဒေါင်းလုပ် ချပြီး install လုပ်ထားပါ။
Huawei Driver တွေ install လုပ်ပြီးသွားရင်တော့ Huawei U8860.zip ဖိုင်ကို အရင်ဆုံး ဖြည်လိုက်ပါ။ ပြီးရင် မိမိရဲ့ ဖုန်းကို ပါဝါပိတ်လိုက်ပါ။ ကွန်ပျူတာနဲ့ မချိတ်ထားပါနဲ့ဦး။ ပြီးရင်တော့ Huawei ဖုန်းဘေးမှာပါတဲ့ Vol Up + Down ခလုတ်နှစ်ခုကို တစ်ပြိုင်နက်တည်းဖိထားပြီး ပါဝါခလုတ်ကို နှိပ်လိုက်ပါ။ ဒါဆိုရင် ဖုန်း screen မှာ ပန်းရောင် screen ဖြစ်သွားပါလိမ့်မယ်။ အဲလိုဖြစ်သွားချိန်မှာ ကွန်ပျူတာနဲ့ ချိတ်ပါ။ Removable Disk တစ်ခု ပေါ်လာပါလိမ့်မယ်။ အဲဒီ Removable Disk ထဲကို သွားပါ။ img ဆိုတဲ့ Folder လေး တွေ့ပါလိမ့်မယ်။ အဲဒီ Folder လေးကို ဖွင့်လိုက်ပါ။ အဲဒီအောက်ထဲမှာ Recovery.img ဆိုတဲ့ File လေးကို Recovery.org (or) Recovery.net လို့ဖြစ်ဖြစ် ပေးလိုက်ပါ။ ပြီးရင်တော့ ဒေါင်းထားတဲ့ ဖိုင်တွေထဲက Recovery-v8.img လေးကို Recovery.img လို့ နာမည်ပြောင်းပြီး Removable Disk\img\ ထဲကို Copy ကူးထည့်ထားပါ။ ပြီးရင်တော့ ဖုန်းဘက်ထရီကို ဖြုတ်ပြီး ပြန်တပ်ပါ။ ပြီးရင်တော့ ပါဝါခလုတ်ကို ဖိနှိပ်ပြီး ဖုန်းရဲ့ Settings ထဲကို သွားပါ။ Application အောက်ထဲက Fast boot ကို အမှန်ခြစ်ဖြုတ်ပစ်ပါ။ ပြီးရင် ကွန်ပျူတာနဲ့ ပြန်ချိတ်ပါ။ Superuser-3.0.7-efghi-signed.zip ဆိုတဲ့ ဖိုင်ကို sdcard အောက်ထဲကို ဒီအတိုင်း folder တွေမဖွဲ့ဘဲ၊ zip ဖိုင်ကို မဖြည်ဘဲနဲ့ ထည့်ပေးပါ။ ပြီးရင်တော့ Phone ကို ပြန်ပိတ်လိုက်ပါ။