Monday, June 18, 2012

Memory Stick ဖြင့် Windows တင်ခြင်း

ပထမဦးဆုံး လိုအပ်တဲ့ Software လေးကို ဒေါင်းလုပ်ဆွဲလိုက်ပါဦး။ ပြီးရင်တော့ အောက်ပါအဆင့်တွေတိုင်း လုပ်ရပါမယ်။
၁။ ပထမဦးဆုံး Memory Stick လိုအပ်ချက်ကတော့ Windows 7 အတွက်ဆိုရင် 4GB နဲ့အထက်ရှိရမှာဖြစ်ပြီး Windows XP အတွက်ဆိုရင်တော့ 2GB နဲ့ အထက်ရှိရင် လုံလောက်ပါပြီ။ Memory Stick ကို NTFS System ဖြင့် Format ချရမှာဖြစ်ပါတယ်။ Memory Stick ပေါ်မှာ Mouse Right Click ယူပြီး ပေါ်လာသော Popup Menu ထဲမှာ Format ဆိုတာလေးကို ရွေးပါမယ်။ ပြီးရင်တော့ File System နေရာမှာ NTFS ကိုရွေးထားပေးရပါမယ်။ အောက်ပါပုံအတိုင်းပါ။ ပြီးရင်တော့ Format ချလိုက်ပါ။ Ok တက်လာရင် Ok နှိပ်ပေးလိုက်ပါ။
 
၂။ အဆင့်(၁)ပြီးသွားရင်တော့ ဒေါင်းလုပ်ဆွဲထားတဲ့ Zip ဖိုင်လေးကို ဖြည်လိုက်ပါ။ Power ISO ကို Install လုပ်ပါမယ်။ ပြီးသွားရင်တော့ Power ISO ကို ဖွင့်လိုက်ပါ။ ပြီးရင် Tools Menu အောက်က Create Bootable USB Drive ကို ရွေးလိုက်ပါ။
၃။ ဒါဆိုရင်တော့ အောက်ပုံအတိုင်း ပေါ်လာပါလိမ့်မယ်။ အဲဒီထဲမှာ Source Image File: ကို ရွေးပေးရပါမယ်။ ဖြစ်နိုင်ရင်တော့ မိမိစက်ထဲက Windows Image File ကို ရွေးပေးရမှာပါ။ *.nrg ပဲဖြစ်ဖြစ်၊ *.mdf တို့၊ *.iso တို့လည်း ရပါတယ်။ Destination USB Drive: မှာ မိမိတပ်ထားတဲ့ Memory Stick ပေါ်နေရပါမယ်။ Write Method: မှာလည်း USB - HDD ဖြစ်နေရပါမယ်။
 
၎။ ပြီးရင်တော့ Start ကို နှိပ်လိုက်ပါ။ Overwrite လုပ်ဖို့ကို လာမေးပါလိမ့်မယ်။ OK သာ ပေးလိုက်ပါ။ ဒါဆိုရင်တော့ Windows Image File ကို Memory Stick ထဲကို ကူးထည့်ပေးနေတာကို တွေ့ရပါလိ့မ်မယ်။ အားလုံးပြီးသွားရင်တော့ Windows တင်ဖို့အတွက် Bootable Memory Stick တစ်ခု ရရှိသွားပါပြီ။


ဒီဒေါင်းလုပ်လင့်ကတော့ မောင်ညီ(နည်းပညာနှင့်အထွေထွေ) ဆိုက်ကနေ ရတာပါ။
ကျွန်တော့်မှာက ကိုယ်ပိုင် upload လုပ်ဖို့အတွက်က ကွန်နက်ရှင်အနေအထားအရ မတင်ပေးနိုင်သေးလို့ပါ။

No comments: