Wednesday, March 18, 2009

Tune Up Ulitities 2009 Software အကြောင်း သိကောင်းစရာ

Tune up ကနေ ထုတ်တဲ့ Maintenance Utilities Software လေးပါဗျာ။ Tuneup Utilities 2009 ပါခင်ဗျာ။ ဒီ Software လေးက မိမိကွန်ပျူတာထဲမှာရှိတဲ့ Temp File တွေ၊ ပြီးတော့ Hard disk ကို Defrag လုပ်ဖို့ လိုအပ်ရင်လည်း တစ်ခါတည်း Defrag လုပ်ပေးနိုင်ပါတယ်။ စက်ကို အမြန်နှုန်းတွေကအစ ပြင်ဆင်ပေးနိုင်ပါတယ်။ ပြီးတော့ Logon Screen, Boot Screen တွေကအစ ကိုယ့်စိတ်ကြိုက်လုပ်နိုင်ပါတယ်ဗျာ။ တစ်ခါတစ်လေမှာ ကြုံဖူးချင် ကြုံဖူးပါလိမ့်မယ်။ Folder တွေကို Double Click နှိပ်ပြီး ဖွင့်တဲ့အခါမှာ Open ဖြစ်မလာဘဲ Search ဖြစ်နေတာမျိုး၊ Folder ကို Right Click ယူပြီး Pop up Menu ခေါ်တဲ့အခါမှာ Pop up Menu ထိပ်မှာ Open မရှိပဲ Search ရှိနေတဲ့အခါတွေမှာ ဒီ Tune up 2009 နဲ့ ရှင်းလင်းလို့ရပါတယ်ဗျာ။ စမ်းသုံးကြည့်စေချင်ပါတယ်။ အောက်မှာ download link ပေးထားပါတယ်။ Serial Key လည်း ပေးထားပါတယ်ခင်ဗျာ။

http://download.tune-up.com/TU2009/TU2009TrialEN-US.exe
Serial Key: AQKA2P-HY7FQF-8M0930-DW4H4V-1EJPRC-16CHPN

Adobe PageMaker 7.0 ၏ Plugs in error ဖြေရှင်းနည်း

တစ်ခါတစ်လေအလုပ်များနေတဲ့အချိန်မှာ Adobe PageMaker 7.0 ကို ဖွင့်လိုက်တာနဲ့ Plugs in error လို့ ပေါ်ပြီး ဘာမှ ဆက်လုပ်လို့ မရတော့တာကို ကြုံဖူးကြပါလိမ့်မယ်။ အဲဒီလိုမျိုး Plugs in Error ဖြစ်လာပြီဆိုရင် ဖြေရှင်းတဲ့နည်းလေး ပြောပြချင်ပါတယ်ဗျာ။ Page Maker ကို Uninstall လုပ်ပြီး ပြန်ပြီး Install လုပ်ပေမယ့် မရတဲ့ လူများ အောက်ပါနည်းလမ်းအတိုင်း ဖြေရှင်းကြည့်ပါ။
ဖြေရှင်းနည်းကတော့ Adobe PageMaker 7.0.1 Update ကို Install လုပ်ပေးလိုက်ရင်လည်း အဆင်ပြေသွားတာ ရှိပါတယ်။ တစ်ခါတစ်လေမှာ မရတဲ့အခါကျရင် မိမိရဲ့ ကွန်ပျူတာထဲမှာ သွင်းထားတဲ့ Adobe Software တွေ အကုန်လုံးကို Uninstall လုပ်ပြီး Page Maker 7.0 ကို ပြန်တင်လိုက်ရင် အဆင်ပြေသွားပါတယ်။
Adobe Software တွေဆိုတဲ့ နေရာမှာ ဥပမာအားဖြင့် Adobe Page Maker, Adobe Acrobat Reader, Adobe Photoshop, Adobe illustrator, Adobe Indesign, Adobe Premier စသဖြင့်ပေါ့ဗျာ။ ဒါတွေအကုန်လုံးကို ဖြုတ်ချပြီး Page Maker အရင် ပြန်တင်ပြီး ကျန်တဲ့ Software တွေကို ပြန်တင်လိုက်ရင် ဒီ Plugs in Error ကို ဖြေရှင်းပြီးသားဖြစ်သွားပါတယ်။

Parts of Computer (ကွန်ပျူတာတွင် ပါဝင်သော အစိတ်အပိုင်းများ)

ကွန်ပျူတာတစ်လုံးတွင် အောက်ပါအစိတ်အပိုင်းများ ပါဝင်ပါသည်-
(၁) Hardware။ ကွန်ပျူတာရှိထိတွေ့ကိုင်တွယ်လို့ရသောပစ္စည်းများကိရိယာများကို ခေါ်ပါသည်။ ဥပမာ အားဖြင့် Hardisk, Floppy Disk, Monitor စသည်ဖြင့်
(၂) Software။ ကွန်ပျူတာရှိထိတွေ့ ကိုင်တွယ်မရသော ပစ္စည်းကိရိယာများကို ခေါ်ပါသည်။ ဥပမာ- System Software (စက်လည်ပတ်ရန်အသုံးပြုရသော ပရိုဂရမ်)၊ Application Software (အသုံးချပရိုဂရမ်များ)
(၃) Firmware။ Hardware နှင့် Software ပေါင်းစပ်ပါဝင်သော ပစ္စည်းကို ခေါ်ဆိုပါသည်။ ဥပမာ- ROMBIOS (Read Only Memory Basic Input Output System)

ကွန်ပျူတာအကြောင်း ပြောပြချင်တာလေးများ

ကျွန်တော့်တင်မဲ့ပို့စ်တွေက အခြားသော ဘလော့ဂ်တွေထဲက ကောင်းနိုးရာရာလေးတွေ၊ သိသင့်သိထိုက်မယ် ထင်တာလေးတွေကို တင်ပေးထားတာပါဗျာ။ ဒါကြောင့်မို့လည်း တစ်ခြားလူများဘလော့ဂ် နဲ့တူသွားခဲ့ရင်လည်း ဘလော့ဂ်ပိုင်ရှင်များ ခွင့်လွှတ်ပေးကြပါဗျာ။ မကူးယူနဲ့လို့လည်း ကျွန်တော့်ဆီကို မေးလ်ပို့ ပြီး တားနိုင်ပါတယ်။ ကျန်တဲ့ IT ပညာရှင်များအားလုံးကို လေးစားပါတယ်ဗျာ။

ကဲ ဒီတစ်ခါတော့ ကွန်ပျူတာနဲ့ ပတ်သက်တာလေးပေါ့ဗျာ။ အနည်းငယ်လေးရှင်းပြချင်ပါတယ်။ ကျွန်တော် တက်ခဲ့ရတဲ့ ကွန်ပျူတာသင်တန်းတွေထဲက Notes လေးတွေပေါ့ဗျာ။ တိုက်ဆိုင်တာများရှိရင်လည်း ခွင့်လွှတ်ကြပါ။

ကွန်ပျူတာဆိုတာဘာလဲ
ကွန်ပျူတာဆိုတာ အချက်အလက်တွေကို သတင်း (သို့မဟုတ်) အဖြေအဖြစ်သို့ တွက်ချက်လုပ်ဆောင်ပေးသော စက်ပဲဖြစ်ပါတယ်။ ကွန်ပျူတာဟာ ညွှန်ကြားချက်တွေကို တိတိကျကျ၊ မြန်မြန်ဆန်ဆန်နှင့် မှန်မှန်ကန်ကန်ဖြစ်အောင် လုပ်ဆောင်ပေးနိုင်တဲ့ အီလက်ထရောနစ်နှင့် စက်မှုဆိုင်ရာ ပစ္စည်းလို့လည်း အဓိပ္ပါယ်ဖွင့်ဆိုနိုင်ပါတယ်

ကွန်ပျူတာအမျိုးအစားများ
ကွန်ပျူတာကို စွမ်းဆောင်နိုင်မှုပမာဏ၊ အမြန်နှုန်းနှင့် ချိတ်ဆက်အသုံးပြုနိုင်တဲ့ Terminal အရေ အတွက်ပေါ် မူတည်ပြီး အကြမ်းအားဖြင့် (၄)မျိုး ခွဲခြားနိုင်ပါသည်။
(၁) Super Computer
(၂) Mainframe Computer
(၃) Mini Computer
(၄) Micro Computer (or) Personal Computer


ဆက်ပါဦးမည်.........

Computer Service အကြောင်း သိကောင်းစရာ (၃)

စက်ဖွင့်တိုင်း chkdsk Run နေခြင်း
ဒါမျိုးကိုတော့ တစ်ခါတစ်လေမှာ ကြုံဖူးကြပါလိမ့်မယ်။ ဒါမျိုးဖြစ်တာကတော့ Hardisk ကို တစ်ပတ်တစ်ခါ Maintenance မလုပ်မိတဲ့အခါမှာ စက်ကိုလည်း ပိတ်ရိုးပိတ်စဉ်အတိုင်း မပိတ်မိဘဲ မီးပျက်သွားလို့ UPS က မထိန်းပဲ ပိတ်သွားတာတို့မှာဖြစ်လေ့ရှိပါတယ်။ ပြီးတော့ အဲဒီလို ပိတ်လို့ Windows ကနေ Hardisk ကို Check Disk စစ်ဆေးနေတာကို မစောင့်ပဲ Cancel ပေးမိရင်လည်း ဖြစ်တတ်ပါတယ်။ ဒီလို Error က စက်ဖွင့်လိုက်တိုင်း chkdsk Run နေတာပဲ တွေ့ရတတ်ပါတယ်။ အခြေအနေဆိုးရင်တော့ အဆင့်(၃)ဆင့်နဲ့ကို စစ်ဆေးနေလေ့ရှိပါတယ်။ ဒါတွေကို ဖြေရှင်းရတာလည်း လွယ်ပါတယ်။
Desktop ကို ရောက်ပြီဆိုတာနဲ့ တစ်ခြား ဘာ ဆော့ဝဲမှ မဖွင့်ပါနဲ့။ Start Menu===> Run Command ကို ဖွင့်ပါ။ Run Dialogue Box ပေါ်လာရင် cmd ဆိုပြီး ရိုက်ထည့်လိုက်ပါ။ Command Prompt လို့ခေါ်တဲ့ C:\ Prompt တက်လာပါလိမ့်မယ်။ အဲဒီမှာ ကိုယ့်ရဲ့ ဘယ် Hardisk က ဖြစ်နေတာလဲဆိုတာကို အရင်ဆုံးသိဖို့လိုပါတယ်။ ဥပမာအားဖြင့် D:\ က ဖြစ်တယ်ဆိုရင် Command Prompt C:\ မှာ D: ရိုက်ပြီး Enter ခေါက်လိုက်ရင် D: ထဲကို ရောက်ရှိသွားပါလိမ့်မယ်။ C:\ ဆိုတဲ့နေရာမှာ D:\ ဆိုပြီး မြင်ရပါလိမ့်မယ်။ အဲဒီလိုမြင်ရပြီဆိုရင် chkdsk /f ဆိုပြီး ရိုက်ထည့်လိုက်ပါ။ ပြီးတာနဲ့ Enter ခေါက်ပါ။ check disc စစ်ဆေးပေးပါလိမ့်မယ်။ ဒါဆိုရင် စက်ကို Restart ပြန်လုပ်ကြည့်လိုက်ပါ။ ပြန်လည်ကောင်းမွန်သွားတာကို တွေ့ရပါလိမ့်မယ်။ ဒီ Command Prompt မှာ D: ကို ဒါရိုက် စစ်ချင်ရင်လည်း စစ်လို့ ရပါတယ်။ C:\>chkdsk /f D: လို့ ရိုက်လိုက်ရင်လည်း D: ကို ဒါရိုက်စစ်ဆေးပါတယ်။
နောက်တစ်နည်းကတော့ My computer ကို ဖွင့်လိုက်ပါ။ မိမိစစ်လိုတဲ့ Hardisk ကို Right Click နှိပ်ပြီး ပေါ်လာတဲ့ Pop up menu ထဲကနေ Properties ကို ရွေးချယ်ပါ။ Properties Dialogue Box ပေါ်လာရင် Tools Tab ကို ဆက်လက် ရွေးချယ်ပါ။ အဲဒီကနေ check now ကို Click ပေးလိုက်ပါ။ Check Disk Dialogue Box ပေါ်လာရင် Automatically fix file system errors ကို အမှန်ခြစ်ပေးလိုက်ပါ။ ပြီးတာနဲ့ Start Button ကို Click ပေးလိုက်ပါ။ Hardisk ကို စစ်ဆေးပေးပါလိမ့်မယ်။ ပြီးတာနဲ့ စက်ကို Restart ပြန်လုပ်ကြည့်လိုက်ပါ။ အဆင်ပြေသွားပါလိမ့်မယ်။

Computer Service အကြောင်း သိကောင်းစရာ(၂)

Boot Screen တွင် Loading လုပ်ပြီး Restart ပြန်လည်ဖြစ်သွားခြင်း
ဒီလို Error မျိုးတွေကို တွေ့ဖူးချင်ရင် တွေ့ဖူးပါလိမ့်မယ်။ ကျွန်တော်က Service ဆိုင်မှာ လုပ်နေတဲ့အခါကျတော့ ဒီလို Error မျိုးကို ခဏခဏတွေ့ဖူး ကြုံဖူးပါတယ်။ စတွေ့တွေ့ချင်းမှာတော့ ဘယ်လို လုပ်ရမှန်းမသိဘူးဗျ။ နောက်ပိုင်းကျမှ စမ်းရင်းနဲ့ပဲ သိသွားတာ။ ဒီလို Error ဖြစ်ရင် ဘယ်လို ဖြေရှင်းရမလဲဆိုတာ ပြောပြချင်ပါတယ်။ အောက်ပါနည်းအတိုင်း ဖြေရှင်းလိုက်ရင် အဆင်ပြေသွားပါလိမ့်မယ်။
အဓိကလိုအပ်တာကတော့ Windows XP Installer CD ပါပဲ။ CD Rom ထဲကို ခွေထည့်လိုက်ပါ။ ပြီးတာနဲ့ စက်ကို Restart လုပ်လိုက်ပါ။ Del Key ကို နှိပ်ထားလိုက်ပါ။ (တစ်ချို့သော Motherboard တွေမှာတော့ F1 Key တို့၊ F2 Key တို့ နှိပ်ရတာရှိပါတယ်။ ဒါကတော့ တူချင်မှ တူပါလိမ့်မယ်။) Del Key ကို နှိပ်ပြီးပြီဆိုရင် CMOS Setup ထဲကို ၀င်သွားပါလိမ့်မယ်။ အပြာရောင် Screen လေးနဲ့ပါ။ အဲဒီ Setup ထဲမှာ Advanced CMOS Setup ကို ထပ်ပြီးဝင်ပါ့မယ်။ ထပ်မံပြီး Boot Sequence ကို ထပ်ဝင်လိုက်ပါ။ First boot Device မှာ CD Rom ကို ရွေးချယ်လိုက်ပါ။ (ဒါကတော့ Windows XP Installer CD နဲ့ Boot တက်ပြီး ပြင်ဆင်နိုင်အောင်လို့ပါ၊ တစ်ချို့စက်တွေမှာတော့ Boot ရွေးချယ်ရတာ အခုကျွန်တော်ပြောသလို တူချင်မှ တူပါလိမ့်မယ်။ အဓိကကတော့ CD နဲ့ Boot တက်သွားရင် ရပါပြီ) CMOS Setup ကနေ ပြန်ထွက်ဖို့အတွက် Save & Exit Setup (သို့မဟုတ်) F10 Key ကို နှိပ်ပြီး ထွက်လိုက်ပါ။ စက်က Restart ပြန်ဖြစ်သွားပါလိမ့်မယ်။ ခဏစောင့်လိုက်တာနဲ့ Boot from CD...... ဆိုပြီး တက်လာပါလိမ့်မယ်။ ပြီးတာနဲ့ Press any key boot from CD... ဆိုပြီး တက်လာတာနဲ့ Key တစ်ခုခုကို နှိပ်လိုက်ပါ။ CD ခွေထဲကနေပြီး Boot တက်နေတဲ့ အပြာရောင် Screen နဲ့ Run နေတာကို တွေ့ရပါလိမ့်မယ်။ တစ်အောင့်လောက်ကြာရင် Recovery Console နေရာကို တွေ့တာနဲ့ Repair ပြန်လုပ်ဖို့အတွက် R Key ကို နှိပ်ပါ။ ခဏလောက်စောင့်လိုက်ပါ။ ပြီးတာနဲ့ 1: C:\windows လို့ တွေ့ရပါလိမ့်မယ်။ 1 Key ကို နှိပ်လိုက်ပါ။ administrator password တောင်းပါလိမ့်မယ်။ password ပေးထားရင် ရိုက်ထည့်ပေးပါ။ မပေးထားရင် Enter ခေါက်လိုက်ပါ။ ဒါဆိုရင် C:\windows> ဆိုတဲံ C: Prompt လို့ခေါ်တဲ့ Command Prompt ကို မြင်ရပါလိမ့်မယ်။ chkdsk ရိုက်ပြီး Enter ခေါက်လိုက်ပါ။ Check Disc Run နေတာကို မြင်ရပါလိမ့်မယ်။ ၁၀၀% ပြီးတာနဲ့ C:\windows> ဆိုပြီး ပြန်မြင်ရပါလိမ့်မယ်။ chkdsk /r ကို ဆက်ရိုက်ပြီး Enter ခေါက်လိုက်ပါ။ (chkdsk နဲ့ /r ကြားမှာ Spacerbar ခြားပါတယ်။) Check Disc Recovery Run နေတာကို ၁၀၀% ပြီးအောင် ထပ်စောင့်လိုက်ပါ။ ပြီးတာနဲ့ restart ရိုက်ပြီး စက်ကို Reset ချလိုက်ပါ။ Del Key ကို နှိပ်ပြီး CMOS Setup ထဲမှာ Boot Device တွေကို Hard Disk ကနေ Boot တက်ဖို့အတွက် ပြန်လည်ပြင်ဆင်လိုက်ပါ။ ပြီးတာနဲ့ Boot Screen မှာ Loading လုပ်ပြီး Welcome Screen ကို ပြန်မြင်ရပါလိမ့်မယ်။
ဒါနဲ့မှအဆင်မပြေရင်တော့ Windows ကို Repair ပြန်လုပ်ရပါမယ်။ ဒီအကြောင်းကိုတော့ နောက်ပိုင်းမှာ ရေးပေးပါ့မယ်။ အဆင်ပြေနိုင်ကြပါစေ။

Computer Service အကြောင်း သိကောင်းစရာ (၁)

ကျွန်တော်လည်း ကျွန်တော့် Blog မှာ မရေးနိုင်တာအတော်ကြာပြီဗျာ။ ဒီနောက်ပိုင်းမှာတော့ ပုံမှန်ရေးနိုင်အောင် ကြိုးစားပေးပါ့မယ်ဗျာ။
ဒီတစ်ခေါက်တော့ Computer Service နဲ့ ပတ်သက်ပြီး နည်းနည်းလေးပြောပြချင်ပါတယ်။
CPU (or) Casing တွင် ပါဝါ၀င်ပြီး Monitor တွင် မပေါ်ခြင်း
CPU (or) Casing တွင် ပါဝါ၀င်ပြီး Monitor တွင် ဘာမှမပေါ်တာကတော့ ဖြစ်နိုင်ခြေတော်တော်များ များ ရှိနိုင်ပါတယ်။ Monitor နဲ့ Casing ဆက်သွယ်ထားတဲ့ Cable မကောင်းတာလည်းဖြစ်နိုင်ပါတယ်။ Casing ကို တစ်ခြားMonitor နဲ့ ပြောင်းပြီးစမ်းကြည့်ရင် (ဒါမှမဟုတ်) Monitor ကို တစ်ခြား Casing နဲ့ ပြောင်းပြီးစမ်း ကြည့်ရင် သိနိုင်ပါတယ်။ ကဲ.....ကောင်းပါပြီ အဲဒီလိုစမ်းတဲ့အချိန်မှာ Monitor က ကောင်းနေခဲ့ရင်တော့ Casing နဲ့ သက်ဆိုင်သွားပါပြီ။

Kaspersky Key လိုနေကြသူများအတွက်

Kaspersky Key လိုနေကြသူများအတွက် Site လေး ညွှန်းချင်ပါတယ်။ http://www.kavkiskey.com/ အဲဒီ Website ထဲမှာ Kaspersky သုံးကြသူများအတွက် Key မျိုးစုံရှိပါတယ်။ Download လုပ်ရတာလည်း မြန်ပါတယ်။ Key တစ်ခုမှ 2Kb ပဲ ရှိတော့ မြန်တာပေါ့ဗျာ။ ဒီ Website ကိုပြောပြပေးတဲ့ အစ်ကိုကြီး itmen ကို အထူးပဲကျေးဇူးတင်ပါတယ်။ အစ်ကိုကြီး itmen ရဲ့ blog ကိုလည်း Link လုပ်ပေးထားပါတယ်။ ၀င်ကြည့်လိုက်ပါဦး။ ကျွန်တော့်ထက် ပိုစုံတယ်။

တစ်ခုတော့ရှိတယ်ဗျို့။ Kaspersky Antivirus 2009 Version 8 ကို တင်ထားရင်တော့ Kaspersky Key Website ကို ဖွင့်လို့ရမှာမဟုတ်ဘူးဗျို့။ KAV 8 က Access Denined လုပ်လိမ့်မယ်။ ဒါလည်း Kaspersky Company အတွက်မှန်တာပါပဲ။ သူ့အနေနဲ့ လုပ်သင့်လို့ လုပ်တာလို့ ယူဆပါတယ်။ ကျွန်တော်တို့က ခိုးသုံးကြတာလေဗျာ။ မ၀ယ်နိုင်တော့ ခိုးသုံးကြတာပေါ့။ ဘာပဲပြောပြော သူ့ဘက်ကိုယ့်ဘက်တော့ ပြန်ကြည့်ရမှာပေါ့ဗျာ။ ဒါကြောင့်မို့ Kaspersky Key Website ကို ဖွင့်မယ်ဆိုရင် (ကိုယ်ကလည်း KAV 8 ကို သုံးထားခဲ့ရင်ပေါ့) Kaspersky ကို ခဏ Pause Protection လုပ်ထားပြီးမှ ဖွင့်ပါ။ အဆင်ပြေသွားပါလိမ့်မယ်။



http://itmen.myanmarbloggers.org/