Wednesday, July 25, 2012

ICS မြင့်တင်ထားသော Huawei U8818 ကို Root ခြင်း

အရင်ဦးဆုံး ဖုန်းရဲ့ Settings ထဲမှာ ပြင်ရပါမယ်။ Developer Options ထဲမှ USB Debugging ကို အမှန်ခြစ်ပေးလိုက်ပါ။ ပြီးရင် Back ကိုပြန်သွားပြီး Security အောက်က Unknown Sources ကို အမှန်ခြစ်ထပ်ပေးလိုက်ပါ။ ပြီးရင်တော့ ကွန်ပျူတာနဲ့ ချိတ်လိုက်ပါ။ Unlockbootloader.exe ကို ဖွင့်ပါ။ အပေါ်မှာပါတဲ့ Root ကိုပဲ တစ်ချက်နှိပ်လိုက်ပါ။ သူ့ဘာသာသူပဲ ဆက်လုပ်သွားပါလိမ့်မယ်။ command prompt လို့ခေါ်တဲ့ Screen အမည်းရောင်နဲ့ ပေါ်လာရင်လည်း သူ့ဘာသာသူပဲ စာတွေရိုက်ပြီး ဆက်လုပ်သွားပါလိမ့်မယ်။ အားလုံးပြီးသွားရင်တော့ Screen အမည်းရောင်ကို ပိတ်လိုက်ပါ။ Unlockbootloader.exe က အလိုအလျောက်ပိတ်သွားပါလိမ့်မယ်။ ဒါဆိုရင်တော့ ဖုန်းကို Restart တစ်ချက်ချလိုက်ပါ။ ပြန်တက်လာရင် Superuser ကို တွေ့ရပါလိမ့်မယ်။

Mediafire မှ ဒေါင်းလုပ်ချရန်

No comments: