Monday, July 2, 2012

Unlocker အကြောင်း သိကောင်းစရာ

ဒီ Software လေးကတော့ ဖျက်မရတဲ့ ဖိုင်တွေကို ဖျက်ဖို့အတွက် အသုံးဝင်ပါတယ်။ ပြီးတော့ နောက်တစ်ချက်က  Memory Stick တွေ, Memory Card တွေကို ကျွန်တော်တို့အနေနဲ့ Safely Remove နဲ့ ဖြုတ်မရတဲ့အခါမှာလည်း ဒီကောင်လေးကို သုံးနိုင်ပါတယ်။ မိမိရဲ့ Memory Stick, Memory Card မှာ Mouse ရဲ့ Right Click ကို နှိပ်ပါ။
Popup Menu ပေါ်လာလို့ရှိရင် Unlocker လေးကို ထပ်နှိပ်လိုက်ပါ။ သုံးနေတဲ့ Software တွေ(ဥပမာ- Antivirus က စစ်နေတာမျိုး), Run နေတဲ့ File တွေ(ဥပမာ- Memory Stick ထဲက သီချင်းတွေ ဖွင့်နေတာမျိုး, Copy ကူးနေတာမျိုး)စသဖြင့် ဖော်ပြပေးနေပါမယ်။ Unlock All ယူလိုက်ပါ။ Unlock All ယူလို့မှမရရင် အားလုံးကို Select ပေးပြီး Kill Process နှိပ်လိုက်ပါ။ ဒါဆိုရင်တော့ Memory Stick တွေကို Safely Remove ယူလို့ရပါပြီ။ ဖျက်မရတဲ့ ဖိုင်တွေကိုလည်း Unlocker နဲ့ပဲ ဖျက်နိုင်ပါတယ်။ စမ်းကြည့်လိုက်ကြပါခင်ဗျာ။ အောက်မှာ Download Link ပေးထားပါတယ်။


Media Fire မှ Download လုပ်ရန်

No comments: