Wednesday, March 18, 2009

Computer Service အကြောင်း သိကောင်းစရာ(၂)

Boot Screen တွင် Loading လုပ်ပြီး Restart ပြန်လည်ဖြစ်သွားခြင်း
ဒီလို Error မျိုးတွေကို တွေ့ဖူးချင်ရင် တွေ့ဖူးပါလိမ့်မယ်။ ကျွန်တော်က Service ဆိုင်မှာ လုပ်နေတဲ့အခါကျတော့ ဒီလို Error မျိုးကို ခဏခဏတွေ့ဖူး ကြုံဖူးပါတယ်။ စတွေ့တွေ့ချင်းမှာတော့ ဘယ်လို လုပ်ရမှန်းမသိဘူးဗျ။ နောက်ပိုင်းကျမှ စမ်းရင်းနဲ့ပဲ သိသွားတာ။ ဒီလို Error ဖြစ်ရင် ဘယ်လို ဖြေရှင်းရမလဲဆိုတာ ပြောပြချင်ပါတယ်။ အောက်ပါနည်းအတိုင်း ဖြေရှင်းလိုက်ရင် အဆင်ပြေသွားပါလိမ့်မယ်။
အဓိကလိုအပ်တာကတော့ Windows XP Installer CD ပါပဲ။ CD Rom ထဲကို ခွေထည့်လိုက်ပါ။ ပြီးတာနဲ့ စက်ကို Restart လုပ်လိုက်ပါ။ Del Key ကို နှိပ်ထားလိုက်ပါ။ (တစ်ချို့သော Motherboard တွေမှာတော့ F1 Key တို့၊ F2 Key တို့ နှိပ်ရတာရှိပါတယ်။ ဒါကတော့ တူချင်မှ တူပါလိမ့်မယ်။) Del Key ကို နှိပ်ပြီးပြီဆိုရင် CMOS Setup ထဲကို ၀င်သွားပါလိမ့်မယ်။ အပြာရောင် Screen လေးနဲ့ပါ။ အဲဒီ Setup ထဲမှာ Advanced CMOS Setup ကို ထပ်ပြီးဝင်ပါ့မယ်။ ထပ်မံပြီး Boot Sequence ကို ထပ်ဝင်လိုက်ပါ။ First boot Device မှာ CD Rom ကို ရွေးချယ်လိုက်ပါ။ (ဒါကတော့ Windows XP Installer CD နဲ့ Boot တက်ပြီး ပြင်ဆင်နိုင်အောင်လို့ပါ၊ တစ်ချို့စက်တွေမှာတော့ Boot ရွေးချယ်ရတာ အခုကျွန်တော်ပြောသလို တူချင်မှ တူပါလိမ့်မယ်။ အဓိကကတော့ CD နဲ့ Boot တက်သွားရင် ရပါပြီ) CMOS Setup ကနေ ပြန်ထွက်ဖို့အတွက် Save & Exit Setup (သို့မဟုတ်) F10 Key ကို နှိပ်ပြီး ထွက်လိုက်ပါ။ စက်က Restart ပြန်ဖြစ်သွားပါလိမ့်မယ်။ ခဏစောင့်လိုက်တာနဲ့ Boot from CD...... ဆိုပြီး တက်လာပါလိမ့်မယ်။ ပြီးတာနဲ့ Press any key boot from CD... ဆိုပြီး တက်လာတာနဲ့ Key တစ်ခုခုကို နှိပ်လိုက်ပါ။ CD ခွေထဲကနေပြီး Boot တက်နေတဲ့ အပြာရောင် Screen နဲ့ Run နေတာကို တွေ့ရပါလိမ့်မယ်။ တစ်အောင့်လောက်ကြာရင် Recovery Console နေရာကို တွေ့တာနဲ့ Repair ပြန်လုပ်ဖို့အတွက် R Key ကို နှိပ်ပါ။ ခဏလောက်စောင့်လိုက်ပါ။ ပြီးတာနဲ့ 1: C:\windows လို့ တွေ့ရပါလိမ့်မယ်။ 1 Key ကို နှိပ်လိုက်ပါ။ administrator password တောင်းပါလိမ့်မယ်။ password ပေးထားရင် ရိုက်ထည့်ပေးပါ။ မပေးထားရင် Enter ခေါက်လိုက်ပါ။ ဒါဆိုရင် C:\windows> ဆိုတဲံ C: Prompt လို့ခေါ်တဲ့ Command Prompt ကို မြင်ရပါလိမ့်မယ်။ chkdsk ရိုက်ပြီး Enter ခေါက်လိုက်ပါ။ Check Disc Run နေတာကို မြင်ရပါလိမ့်မယ်။ ၁၀၀% ပြီးတာနဲ့ C:\windows> ဆိုပြီး ပြန်မြင်ရပါလိမ့်မယ်။ chkdsk /r ကို ဆက်ရိုက်ပြီး Enter ခေါက်လိုက်ပါ။ (chkdsk နဲ့ /r ကြားမှာ Spacerbar ခြားပါတယ်။) Check Disc Recovery Run နေတာကို ၁၀၀% ပြီးအောင် ထပ်စောင့်လိုက်ပါ။ ပြီးတာနဲ့ restart ရိုက်ပြီး စက်ကို Reset ချလိုက်ပါ။ Del Key ကို နှိပ်ပြီး CMOS Setup ထဲမှာ Boot Device တွေကို Hard Disk ကနေ Boot တက်ဖို့အတွက် ပြန်လည်ပြင်ဆင်လိုက်ပါ။ ပြီးတာနဲ့ Boot Screen မှာ Loading လုပ်ပြီး Welcome Screen ကို ပြန်မြင်ရပါလိမ့်မယ်။
ဒါနဲ့မှအဆင်မပြေရင်တော့ Windows ကို Repair ပြန်လုပ်ရပါမယ်။ ဒီအကြောင်းကိုတော့ နောက်ပိုင်းမှာ ရေးပေးပါ့မယ်။ အဆင်ပြေနိုင်ကြပါစေ။

No comments: