Wednesday, March 18, 2009

Computer Service အကြောင်း သိကောင်းစရာ (၃)

စက်ဖွင့်တိုင်း chkdsk Run နေခြင်း
ဒါမျိုးကိုတော့ တစ်ခါတစ်လေမှာ ကြုံဖူးကြပါလိမ့်မယ်။ ဒါမျိုးဖြစ်တာကတော့ Hardisk ကို တစ်ပတ်တစ်ခါ Maintenance မလုပ်မိတဲ့အခါမှာ စက်ကိုလည်း ပိတ်ရိုးပိတ်စဉ်အတိုင်း မပိတ်မိဘဲ မီးပျက်သွားလို့ UPS က မထိန်းပဲ ပိတ်သွားတာတို့မှာဖြစ်လေ့ရှိပါတယ်။ ပြီးတော့ အဲဒီလို ပိတ်လို့ Windows ကနေ Hardisk ကို Check Disk စစ်ဆေးနေတာကို မစောင့်ပဲ Cancel ပေးမိရင်လည်း ဖြစ်တတ်ပါတယ်။ ဒီလို Error က စက်ဖွင့်လိုက်တိုင်း chkdsk Run နေတာပဲ တွေ့ရတတ်ပါတယ်။ အခြေအနေဆိုးရင်တော့ အဆင့်(၃)ဆင့်နဲ့ကို စစ်ဆေးနေလေ့ရှိပါတယ်။ ဒါတွေကို ဖြေရှင်းရတာလည်း လွယ်ပါတယ်။
Desktop ကို ရောက်ပြီဆိုတာနဲ့ တစ်ခြား ဘာ ဆော့ဝဲမှ မဖွင့်ပါနဲ့။ Start Menu===> Run Command ကို ဖွင့်ပါ။ Run Dialogue Box ပေါ်လာရင် cmd ဆိုပြီး ရိုက်ထည့်လိုက်ပါ။ Command Prompt လို့ခေါ်တဲ့ C:\ Prompt တက်လာပါလိမ့်မယ်။ အဲဒီမှာ ကိုယ့်ရဲ့ ဘယ် Hardisk က ဖြစ်နေတာလဲဆိုတာကို အရင်ဆုံးသိဖို့လိုပါတယ်။ ဥပမာအားဖြင့် D:\ က ဖြစ်တယ်ဆိုရင် Command Prompt C:\ မှာ D: ရိုက်ပြီး Enter ခေါက်လိုက်ရင် D: ထဲကို ရောက်ရှိသွားပါလိမ့်မယ်။ C:\ ဆိုတဲ့နေရာမှာ D:\ ဆိုပြီး မြင်ရပါလိမ့်မယ်။ အဲဒီလိုမြင်ရပြီဆိုရင် chkdsk /f ဆိုပြီး ရိုက်ထည့်လိုက်ပါ။ ပြီးတာနဲ့ Enter ခေါက်ပါ။ check disc စစ်ဆေးပေးပါလိမ့်မယ်။ ဒါဆိုရင် စက်ကို Restart ပြန်လုပ်ကြည့်လိုက်ပါ။ ပြန်လည်ကောင်းမွန်သွားတာကို တွေ့ရပါလိမ့်မယ်။ ဒီ Command Prompt မှာ D: ကို ဒါရိုက် စစ်ချင်ရင်လည်း စစ်လို့ ရပါတယ်။ C:\>chkdsk /f D: လို့ ရိုက်လိုက်ရင်လည်း D: ကို ဒါရိုက်စစ်ဆေးပါတယ်။
နောက်တစ်နည်းကတော့ My computer ကို ဖွင့်လိုက်ပါ။ မိမိစစ်လိုတဲ့ Hardisk ကို Right Click နှိပ်ပြီး ပေါ်လာတဲ့ Pop up menu ထဲကနေ Properties ကို ရွေးချယ်ပါ။ Properties Dialogue Box ပေါ်လာရင် Tools Tab ကို ဆက်လက် ရွေးချယ်ပါ။ အဲဒီကနေ check now ကို Click ပေးလိုက်ပါ။ Check Disk Dialogue Box ပေါ်လာရင် Automatically fix file system errors ကို အမှန်ခြစ်ပေးလိုက်ပါ။ ပြီးတာနဲ့ Start Button ကို Click ပေးလိုက်ပါ။ Hardisk ကို စစ်ဆေးပေးပါလိမ့်မယ်။ ပြီးတာနဲ့ စက်ကို Restart ပြန်လုပ်ကြည့်လိုက်ပါ။ အဆင်ပြေသွားပါလိမ့်မယ်။

No comments: