Wednesday, March 18, 2009

Adobe PageMaker 7.0 ၏ Plugs in error ဖြေရှင်းနည်း

တစ်ခါတစ်လေအလုပ်များနေတဲ့အချိန်မှာ Adobe PageMaker 7.0 ကို ဖွင့်လိုက်တာနဲ့ Plugs in error လို့ ပေါ်ပြီး ဘာမှ ဆက်လုပ်လို့ မရတော့တာကို ကြုံဖူးကြပါလိမ့်မယ်။ အဲဒီလိုမျိုး Plugs in Error ဖြစ်လာပြီဆိုရင် ဖြေရှင်းတဲ့နည်းလေး ပြောပြချင်ပါတယ်ဗျာ။ Page Maker ကို Uninstall လုပ်ပြီး ပြန်ပြီး Install လုပ်ပေမယ့် မရတဲ့ လူများ အောက်ပါနည်းလမ်းအတိုင်း ဖြေရှင်းကြည့်ပါ။
ဖြေရှင်းနည်းကတော့ Adobe PageMaker 7.0.1 Update ကို Install လုပ်ပေးလိုက်ရင်လည်း အဆင်ပြေသွားတာ ရှိပါတယ်။ တစ်ခါတစ်လေမှာ မရတဲ့အခါကျရင် မိမိရဲ့ ကွန်ပျူတာထဲမှာ သွင်းထားတဲ့ Adobe Software တွေ အကုန်လုံးကို Uninstall လုပ်ပြီး Page Maker 7.0 ကို ပြန်တင်လိုက်ရင် အဆင်ပြေသွားပါတယ်။
Adobe Software တွေဆိုတဲ့ နေရာမှာ ဥပမာအားဖြင့် Adobe Page Maker, Adobe Acrobat Reader, Adobe Photoshop, Adobe illustrator, Adobe Indesign, Adobe Premier စသဖြင့်ပေါ့ဗျာ။ ဒါတွေအကုန်လုံးကို ဖြုတ်ချပြီး Page Maker အရင် ပြန်တင်ပြီး ကျန်တဲ့ Software တွေကို ပြန်တင်လိုက်ရင် ဒီ Plugs in Error ကို ဖြေရှင်းပြီးသားဖြစ်သွားပါတယ်။

No comments: